Desktop တွင် Right Click ထောက်၍ New မှ Shortcut ကို ရွေးပေးပါ....
ထို့နောက် လေးထောင့်အကွက်ထဲတွင် shutdown /s /t 0 ဟူ၍ ရိုက်ပေးပါ။
( Shutdown နဲ့ /s ကြား Spacebar ခြား၊ /s နှင့် /t ကြား Spacebar၊ /t နှင့် 0 ကြား Spacebar ခြားပေးပါ။ s ဆိုတာ second ဖြစ်ပြီး t ကတော့ Time ပါ .. 0 က zero ပါ )
ပြီးပါက Next ကိုသွားပြီး Finish ကို နှိပ်ပေးလိုက်ပါ။
အဲ့ဒါဆိုရင် Desktop မှာ Shutdown Icon လေးရပါပြီ...
Shutdown Icon ပြောင်းမယ်
Icon ကို တခြားအရောင်လေးနဲ့ပြောင်းချင်ပါက... Icon ပေါ်မှာ Right click ထောက်ပြီး properties ကို နှိပ်ပါ...
ထို့နောက် Change Icon ကို နှိပ်ပြီး မိမိနှစ်သက်သော ပုံစံ ကိုရွေးပေးပါ။ ပြီးလျှင် Ok Apply တစ်ခုချင်း နှိပ်ပေးလိုက်ပါ။
Ok နှိပ်ပေးပြီးပါက Icon ကို ပြောင်းလဲခြင်းပြီးဆုံးပါပြီ။












